သေဆုံးခြင်း

တိမ်တွေအခိုက်အတန့် ငိုချလိုက်တာ မိုးမခ ပင်လေး သွက်သွက်ခါသွားတယ်
တစ်ရက်တာ နိုးထမှုမှာ အိပ်မက်တစ်ချို့ အကြိမ်ကြိမ်သေဆုံးတယ်
မသုံးတော့တဲ့ ဒဿနတစ်ပုဒ်ကို
အတုံးအရုံး ကျဆုံးအောင် စိမ်ပြေနပြေ လှီးဖြတ်ရင်း
နောက်ဆုံး
ငါ သေသွားခဲ့တယ်

August 11, 2012
05:56 PM