အုံ့မှိုင်းနေတဲ့ အလွှာတစ်ခုက ရတနာပုံ မနက်ခင်းတစ်ခုရဲ့အလှကို မီးခိုးရောင်ပျော့ပျော့လေး လိမ်းခြယ်ထားပေးတယ်
မိုးစက်လေးတွေက ဥဒဟို ဖြာကျ
ခေါင်မိုးပေါ်တစ်ချို့ ... ပုရစ်ဖူးလေးတွေပေါ်တစ်ချို့ ... ငါ့နှလုံးသားပေါ်ကိုတစ်ချို့
ခေါင်မိုးပေါ်မှာ ဖြာတဲ့မိုး အညစ်အကြေးတွေကို ဖယ်မှာပေါ့
ပုရစ်ဖူးလေးတွေပေါ်မှာ ဖြာတဲ့မိုး ရွက်ဖျားလေးတွေ စိမ်းမှာပေါ့
ငါ့နှလုံးသားပေါ်မှာ ဖြာတဲ့မိုး သွေးစက်တွေလို နီမှာပေါ့
droplet ဆိုတဲ့ drupal ... မျက်ရည်စက်လိုလို မိုးစက်လိုလို
web portal ပေါ်ကို ဥဒဟို ဖြာကျ
ခေါင်မိုးပေါ်တစ်ချို့ ... ပုရစ်ဖူးလေးတွေပေါ်တစ်ချို့... ငါ့နှလုံးသားပေါ်တစ်ချို့
ခေါင်မိုးပေါ်မှာ Php ...
ပုရစ်ဖူးလေးတွေပေါ်မှာ MySQL ...
ငါ့နှလုံးသားပေါ်မှာ Apache ...
ငါ့သူငယ်ချင်း မောင်ဟန်ပြောသလို
"ဘာပဲဖြစ်ဖြစ်လေ" ...
မိုးတွေကတော့ ရွာနေတုန်းပဲ
ဒီမနက်
Cracker တစ်ချပ် ..
ကော်ဖီတစ်ခွက်နဲ့
ဒီစာတိုလေး တစ်ရွက် ...
မိုးစက်လေးတွေက ဥဒဟို ဖြာကျ
ခေါင်မိုးပေါ်တစ်ချို့ ... ပုရစ်ဖူးလေးတွေပေါ်တစ်ချို့ ... ငါ့နှလုံးသားပေါ်ကိုတစ်ချို့
Rachel Tin
April 27, 2011