To the memory of Happy Mothers' Day


ဒီစာလေးကို ရေးတဲ့အချိန်မှာ
အိမ်နဲ့ဝေးနေတယ် ...
အမေနဲ့ဝေးနေတယ် ...
အမေ့ရင်ခွင်၊ အမေ့ပုံပြင်၊ အမေ့ကိုယ်သင်းနံ့
အမေချက်တဲ့ဟင်း၊ အမေပြောတတ်တဲ့ ဆုံးမစကားလေးတွေ

အားလုံးပဲ 

တကယ်လို့
အမေဟာ အိမ်မှာဆိုရင် ...
အမေ့ကို ထွေးပွေ့ပြီး
အမေ့ကို ဘယ်လောက်ချစ်ကြောင်းပြောပေးပါ

တကယ်လို့
အမေဟာ ဆေးရုံတစ်ခုက ကုတင်ပေါ်မှာဆိုရင် ...
အမေ့လက်လေးကို ဆုပ်ကိုင်ထားပေးပြီး
အမေ့ကို ဘယ်လောက်ချစ်ကြောင်းပြောပေးပါ

တကယ်လို့
အမေဟာ အဖေမဟုတ်တဲ့သူတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာဆိုရင် ...
အမေ့အပြစ်တွေအားလုံးကို မေ့ပေးပြီး
အမေ့ကို ဘယ်လောက်ချစ်ကြောင်းပြောပေးပါ

တကယ်လို့
အမေဆိုတာ မရှိတော့ရင်တော့ ...
အမေ့အုတ်ဂူလေးကို သွားကန်တော့ပေးပါ
တာဝန်တွေ ၀တ္တရားတွေကြောင့်
အမေ့အုတ်ဂူလေးနဲ့ဝေးတဲ့တစ်နေရာမှာ ရောက်နေခဲ့ရင်တော့
အမေ့အုတ်ဂူလေးကို ရည်မှန်းပြီး
အမေ့ကို ဘယ်လောက်ချစ်ကြောင်းပြောပေးပါ

တကယ်လို့
ဒီစာလေးကို ဖတ်ပြီး ရင်ထဲမှာ တစ်ခုခု ကျန်ခဲ့ကြမယ်ဆိုရင်
ဖတ်ပြီးပြီးခြင်းပဲ
အမေ့ကိုချစ်တဲ့အကြောင်းတီးတိုးလေးပြောပေးကြပါ ...

Rachel Tin
Saturday, May 7, 2011 at 11:30pm
11:28 PM