ဒေ၀စ္ဆရာရဲ့ မျက်ရည်စက်


ငါ ..
တရိပ်ရိပ်ပြေးနေတဲ့ အချိန်တွေ
ရင်ဘတ်ထဲက တမလွန်အနံ့ငွေ့ငွေ့လေးတွေ
ဘယ်သူမှ မကြားနိုင်တော့တဲ့ ငါ့ရဲ့ ခေါ်သံတွေ
ဘယ်သူမှ မသိနိုင်တော့တဲ့ ငါ့ရဲ့ ဖြေရှင်းချက်တွေ

ငါ ..
သွင်သွင်ကျိုးနေပြီဖြစ်တဲ့ တောင်ပံတစ်စုံနဲ့ ထွန့်ထွန့်လူးအောင်ရုန်းကန်ရင်း
လာနေပြီ .. သူတို့လာနေပြီ ..
အားတက်စရာ မြင်ကွင်း
သို့သော်
စာနာမှု သနားမှုဆိုတဲ့ ဘာသာစကားကို လျစ်လျူရှုဟန်ပြုသူ "သူတို့"
ငါ့ကို တစ်ချက်ကလေးငုံ့ကြည့်ပြီး အဝေးကို လှည့်ထွက်သွားကြတယ်
ဆွံ့အ မှုကိုတော့ ကိုးကွယ်ကြမယ်ထင်ပါရဲ့လေ ..

ငါ ..
ကျိုးပဲ့နေတဲ့ တောင်ပံတစ်စုံနဲ့အတူ တွယ်ရာမဲ့စွာ ပစ်လှဲလိုက်ရင်း
မဲမှောင်ပုပ်အိနေတဲ့ ကောင်းကင်နက်ကြီးကို ငေးကြည့်နေမိတယ်
ပါးပြင်ပေါ်လိမ့်ကျလာတဲ့ မျက်ရည်ပေါက်တစ်ခုနဲ့အတူ
ငါ့ကိုယ်ငါ မေးခွန်းတစ်ခု တီးတိုးမေးမိတယ်
"ငါ ဆက်ပြီးပျံသန်းနေရဦးမှာပဲလား" လို့



Rachel Tin
(21_05_2011)
11:51 PM
Translated from Peru Poem- "A Fallen Angel's Tears "