စာဖိုမှူး


စာဖိုမှူးတစ်ယောက်ဟာ အနုပညာရှင်တစ်ယောက်ပါပဲ
စားဖိုမှူးကောင်းတစ်ယောက်ဖြစ်ဖို့အတွက် သူ့ရဲ့စိတ်ဟာ ကျယ်ပြန့်ပြီး ခမ်းနားနေဖို့လိုတယ်
စိတ်ကူးဥာဏ်တွေ အမြဲကွန့်မြူး လန်းဆန်းနေပြီး ခံစားမှုတွေဟာ ကြည်လင်နေရမယ်
အရသာရှိတဲ့ ဟင်းတစ်ခွက်ဖြစ်ဖို့ သူချက်တဲ့ ဟင်းလျာထဲမှာ
နေမင်းကြီးကိုလည်း ထည့်တတ်ရမယ်၊ လမင်းကြီးကိုရော၊ ကောင်းကင်ပြာနဲ့ ပင်လယ်ကြီးကိုရော၊ လတ်ဆတ်တဲ့ လေနုအေးလေးကိုရော
ထည့်တတ်ဖို့ လိုပါမယ်...

Adapted from Korean Script
(ဒီစာစုလေးဟာ ရုတ်တရက်ကြည့်မယ်ဆိုရင် တစ်မျိုးဖြစ်နိုင်ပေမယ့် သေချာ ခံစားပြီး ဖတ်မယ်ဆိုရင် ရင်ထဲမှာ တစ်ခုခုကျန်ခဲ့ပါတယ်)
22 August 2011(After Movie)